စီစဉ်ထားတဲ့အတိုင်း ဂါဇာစစ်ပွဲရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားဖို့ မျှော်လင့်ထား တယ်လို့ အမေရိကန် အစိုးရက တနင်္လာနေ့က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု တစ်ရပ် ရရှိဖို့က ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ထင်မြင်ထားကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပက်တဲလ် Vedant Patel က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေဟာ ဆက်ပြီး ရှေ့တိုးသွားမှာဖြစ်ပြီး ဆွေးနွေး မှုတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆက်ပြီး အလုပ်လုပ်ကြဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ သူက ပြောပါတယ်။
ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေစဉ်မှာ အီဂျစ်နဲ့ ကာတာတို့ရဲ့ ကြာသပတေးနေ့က လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ပတ်သက်ပြီး ဟားမာ့စ်အဖွဲ့က အယုံအကြည်မရှိတဲ့ပုံနဲ့ တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။