ဂါဇာကမ်းမြောင်ဒေသ နျူဆီရတ်စခန်းက အိုးအိမ်မဲ့ မိသားစုတွေ ခိုလှုံနေထိုင်တဲ့ ကုလသမဂ္ဂ လက်အောက်ခံ စာသင်ကျောင်းကို အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၂၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ဇူလိုင် ၁၆ ရက်မှာ ပြောဆိုခဲ့ပါတယ်။
အရပ်သားတွေ ကို အန္တရာယ်လျော့ပါးစေဖို့ လုပ်ဆောင်ပြီးနောက် ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီရဲ့ ကျောင်းအတွင်း လှုပ်ရှားနေတဲ့ အကြမ်းဖက်အုပ်စုတစ်စုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။
မြေပြင်တပ်ဖွဲ့နဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး ကုလသမဂ္ဂစာသင်ကျောင်းမှာ နေရာယူထားတဲ့ အကြမ်းဖက်သမား တွေကို အစ္စရေးလေတပ်က ချေမှုန်းခဲ့တာဖြစ်ပြီး အရပ်သားအများအပြား ထိခိုက်တဲ့သတင်းတွေကို စုံစမ်းနေ ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်္ဂါနေ့က ဂါဇာဒေသ အများအပြားမှာ ဟားမာ့စ် ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေကို အစ္စရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူ ၅၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းတွေက ပြောပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အာရပ်ဖျန်ဖြေသူတွေနဲ့ အမေရိကန်ရဲ့ ကြိုးပမ်းမှု တွေကို ဟန့်တားဖို့ အစ္စရေးက အရှိန်မြှင့်စစ်ဆင်နေတယ်လို့ ဟားမာ့စ်က စွပ်စွဲထားပါတယ်။
အစ္စရေးဘက် ကလည်း ဟားမာ့စ်တိုက်က်ခိုက်ရေးသမားတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းနေကြောင်း၊ ဟားမာ့စ်ရဲ့ မဟာမိတ် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ရဲ့ အကြီးတန်းစစ်သွေးကြွတစ်ယောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
