ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတိုက်ခိုက်မှုအသစ်တွေ စတင်ခဲ့အပြီး သေဆုံးသူဦးရေ ၄၀၀ ကျော် ရှိလာ ကြောင်း ပါလက်စတိုင်းပကျန်းမာရေးဝန်ကြီးဌာန ပြောကြားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း သေဆုံးသူ အရေအတွက် ပိုမိုများပြားလာတာဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတချို့ဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။နောက်ထပ် ဓားစာခံတွေ ပြန်လွှတ်ပေးရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားပြီးနောက် စစ်အင်အား တိုးမြှင့်ပြီး မြေပြင်ထိုးစစ်ဆင်တာတွေ ဆင်နွှဲသွားမယ်လို့ နှစ်ဖက် တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အစ္စရေးနဲ့ ဟားမာ့စ်တို့ နှစ်လ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာမှာ နှစ်လနီးပါး ငြိမ်သက်ခဲ့ပြီး နောက် မတ်လ ၁၇ ရက်မှာတော့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုအသစ်တွေကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

လက်ရှိကာလမှာ ဂါဇာကမ်းမြောင်ဒေသတစ်ဝန်းရှိ ဟားမာ့စ်အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေပြီး ဓားစာခံအားလုံး လွတ်မြောက်ရေးအပါအဝင် နိုင်ငံရေးအရ ကတိက၀တ်ပြုထားတဲ့ စစ်ပွဲပန်းတိုင်တွေ အောင်မြင် စေရေးအတွက် အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောကြား ထားပါတယ်။