အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပြန်လည်စတင်နိုင်ရေး အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဂါဇာမှာ အကူအညီတွေ ပြန် လည်စတင်ရေးအတွက် အစ္စရေးဝန်ကြီးချုပ်က သူရဲ့အစိုးရလုံခြုံရေးအဖွဲ့ကို လာမယ့် သီတင်းပတ်အတွင်းမှာ ခေါ်ယူဆွေးနွေးသွားမှာဖြစ်တယ်လို့ အစိုးရအရာရှိနှစ်ယောက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးအတွင်း ဝန်ကြီးတွေက ဂါဇာမှာ အကူအညီတွေ ရရှိရေးအတွက် ဘယ်လို အတည်ပြုချက်ပေးမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် စစ်တပ်ကတော့ ဂါဇာစစ်ဆင်ရေးကို တိုးချဲ့ဖို့အတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အစိုးရအဖွဲ့ အကြီးအကဲ တစ်ယောက်က ပြောပါတယ်။ ဂါဇာကမ်းမြောင် ဒေသရဲ့ သုံးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ အစ္စရေးက မတ်လအတွင်းက ချမှတ်ထားတဲ့ အကူအညီတွေ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးဖို့အတွက် နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်နေရတာကြောင့် နယ်မြေအတွင်းကို အကူအညီတွေ ပြန်လည်စတင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။