ဂျော်ဒန်ုနိုင်ငံ အမ္မန်မြို့တော်မှာ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် စုပေါင်း သွေလှူဒါန်းမှုတစ်ခုကို သောကြာနေ့က ကျင်းပခဲ့ပါတယ်။

အဲဒီစုပေါင်းသွေးလှူဒါန်းမှုကို သွေးဘဏ်နဲ့ ဗေဂျာ်ဒန် ဟာရှီမိုက် ပရဟိတ အသင်းတို့က ပူးတွဲစီစဉ်တာဖြစ်ပြီး သွေးအလှူရှင်ပေါင်း (၃၀၀၀)က စုပေါင်း သွေးလှူဒါန်းခဲ့ကြတယ်လို့ စီစဉ်သူ တွေက ပြောပါတယ်။ အရင် သွေးလှူပွဲတွေတုန်းက လှူဒါန်းသူ အယောက် ငါးရာ ထက်မပိုခဲ့ဘဲ အခုပွဲမှာတော့ အလှူရှင်ဟာ ၃၀၀၀ အထိ ရှိခဲ့တယ်လို့ ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ အော့မန် အယ်လ် ဆာမာဒီက ပြောပါတယ်။

အခုလိုသွေးလှူဒါန်းတာဟာ ဂါဇာဒေသက ညီအစ်အကိုတွေအတွက် သူအနေနဲ့ အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အရာဖြစ်တယ်လို့ လာရောက်သွေးလှူဒါန်းသူ တစ်ယောက်ကလည်း ပြောပါတ.ယ်။ ဟားမာ့စ်ရဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုအပြီး စတင်ခဲ့တဲ့ အစ္စရေးရဲ ဂါဇာထိုးစစ်တွေမှာ လူပေါင်း(၃၇၀၀၀) သေဆုံးခဲ့ရ ပြီးဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။ အစ္စရေးရဲ့ ထိုးစစ်ဒဏ်ကြောင့် ဂါဇာတစ်ခွင်ဟာလည်း အပျက်အစီးပုံအတိ ဖြစ်သွားရပါတယ်။