ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက် ခွင့်ပြုဖို့နဲ့အတူ နိုင်ငံတကာဥပဒေကို လိုက်နာဖို့အတွက် အစ္စရေးကို ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေက “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ တွေကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် ဘယ်တော့မှ အသုံးမချဖို့နဲ့ ပါလက်စတိုင်းတွေရဲ့ နယ်မြေတွေကို လျှော့ချ တာမျိုး ဒါမှမဟုတ် လူဦးရေအချိုးအစားကို ပြောင်းလဲဖို့ လုပ်ဆောင်တာမျိုးလည်း မရှိရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးကို ပြန်လည်လုပ်ဆောင်ဖို့အတွက် ပါဝင်ပတ်သက်နေသူတွေအားလုံးကို တိုက်တွန်းခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထားတဲ့ဓားစာခံတွေကို ချက်ချင်းမရှိပြန်လွှတ်ပေးဖို့ ဟားမာ့စ်လက်နက် ကိုင်အဖွဲ့ကို ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့ကြပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့စစ်ဆင်ရေးတွေဟာ အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။