ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင်စစ်ဆင်ရေးတွေကို အစ္စရေးစစ်တပ် က တိုးချဲ့လုပ်ဆောင်နေကြောင်း CNN သတင်းမှာရေးသားထားပါတယ်။

ဂါဇာ ကမ်းမြောင် နဲ့ အစ္စရေးပိုင်နက်ကြား ကြီးမားတဲ့ ကြားခံဇုန်တစ်ခု ဖန်တီးကာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ အရပ်သားထောင်ပေါင်းများစွာကို အရင်ကထက် ပိုမိုကျဉ်းမောင်းတဲ့ ဧရိယာကို အစ္စရေးဘက်က တွန်းပို့လျက်ရှိပါတယ်။

CNN ရဲ့ စာရင်းဇယားအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်က စတင်ကာ ဂါဇာ တောင်ပိုင်းရှိ ရာဖာ ဒေသ အားလုံးအပါအဝင် ဂါဇာကမ်းမြောင်ဒေသအများအပြားမှာ နေထိုင်တဲ့ပါလက်စတိုင်းတွေကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး သဘောတူစာချုပ်တွေထားရှိထားပေမယ့် အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင်စစ်ဆင်ရေးတွေ ထပ်မံ့တိုးချဲ့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
ကုလသမဂ္ဂ အဆိုအရ၊ ဟားမတ်စ်တွေအနေနဲ့ ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို အမြန်ဆုံး လွှတ်ပေးရန် အစ္စရေးစစ်တပ်က အရှိန်အဟုန်ပြင်းပြင်း ကြိုးပမ်းနေတာကိုလည်းတွေ့ရပါတယ်။