အစ္စရေးက ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယွန်းနစ်မှာ လူတွေကို ညတွင်းချင်း ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒါကြောင့် သြဂုတ် ၁၁ ရက်က ထွက်ပြေးခဲ့ရသူတွေထဲ ဟာမက်မြို့က ဒေသခံတွေလည်း ပါဝင်ပါတယ်။
အဲဒီ ဧရိယာမှာ လတ်တလော လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံနှစ်လုံး ပျက်စီးခဲ့ပြီး ဟားမာ့စ် စစ်သွေးကြွတွေကို တိုက်ခိုက်တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
တဲတွေကိုခေါက်သိမ်းပြီး ဟာမက်မြို့က ထွက်ပြေးလာသူတွေဟာ အစ္စရေး တိုက်ခိုက်မှုကို ရှောင်ရှားဖို့ အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

ခန်းယွန်းနစ်က ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ညွှန်ကြားချက်ဟာ အရှေ့ဘက်နဲ့ အနောက်ဘက် ခရိုင်တွေကို လွှမ်းခြုံထားပါတယ်။ တင့်ကားတွေ မြို့အရှေ့ဘက်ကို ပြန်လည်ရောက်ရှိပြီး နှစ်ရက်အကြာမှာ ထုတ်ပြန်ချက်က ၁၀ လကြာ ပဋိပက္ခမှာ အကြီးမားဆုံး အမိန့်တစ်ခု ဖြစ်လာခဲ့ပါတယ်။
သြဂုတ် ၁၀ ရက်က ဂါဇာမြို့မှာ ပါလက်စတိုင်း စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ စာသင်ကျောင်းကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၉၀ သေဆုံးခဲ့တယ်လို့ အရပ်ဘက် ကာကွယ်ရေးဌာနက ပြောဆိုခဲ့ပြီး အဲဒီလုပ်ရပ်ကိုနိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။