၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ဖြစ်ပွားတဲ့ ဂါဇာစစ်ပွဲကြောင့် သေဆုံးသူအရေအတွက် ၆၄၂၆၀ ဦးရေ အထိရှိလာကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ခန့်မှန်းထားတာထက် ၄၀ ရာခိုင်နှုန်းအထိ တိုးလာ တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အသက် ၆၅ နှစ်အရွယ် သက်ကြီးပိုင်းတွေ ဖြစ်ကြပါတယ်။ အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုတွေကြောင့် အခုလို သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာတာပါ။ အစ္စရေးဘက်က ထိုးစစ်ဆင်တာတွေ မဆောင်ရွက်ခင်မှာ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ ကြိုတင်သတိပေးချက်တွေ ဆောင်ရွက်ခဲ့ပေမယ့်လည်း သေဆုံးသူနဲ့ ဒဏ်ရာရှိသူအရေအတွက် သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။