အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ခရီးစဉ်အတွင်း အမေရိကန်က ဂါဇာကမ်းမြောင်ကို သိမ်းပိုက်မှာဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားလိုက်တာကို Reuters သတင်းမှာ ရေးသားထားပါတယ်။ သမ္မတထရမ့်ရဲ့ အသေးစိတ် အစီအစဉ်မှာတော့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေ အမြန်ဆုံး ထွက်ခွာပေးရမှာဖြစ်ပြီး ပြန်လည်နေရာချထားရေး တွေကို ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းလူမျိုး သုတ်သင် ရှင်းလင်းရေးကို ထိထိရောက်ရောက် ထောက်ခံအားပေးပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ ဂါဇာကမ်းမြောင် ဒေသကို သိမ်းပိုက်သွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။ယာယီ အပစ်ရပ်ရေး သဘောတူညီချက်မှာပါသလို ဂါဇာ ပြန်လည်ထူထောင်ရေးက အလုပ်မဖြစ်နိုင်ဘူးလို့ ဒေါ်နယ်ထရမ့်နဲ့ အကြံပေးတွေက အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။

ပါလက်စတိုင်းတွေအတွက် မြေတစ်နေရာပေးပြီး အဲဒီမှာ တည်ဆောက်ပေးတာက ဂါဇာကို ပြန်သွားတာထက် ပိုကောင်းမယ်လို့လည်း သမ္မတထရမ့်က ပြောလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော်မှာ မတွေ့မီမှာ ထရမ့်က အခုလို ပြောလိုက်တာပါ။ ဒါ့အပြင် အစ္စရေး-ဟားမာ့စ် အပစ်ရပ်ရေး သဘောတူညီချက် တည်မြဲမယ်ဆိုတာကိုတော့ သူ အာမ မခံနိုင်ဘူးလို့လည်း တနင်္လာနေ့တုန်းက သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။