ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ဖို့ စီစဉ်ထားတဲ့ အစ္စရေးရဲ့အစီအစဉ်ကို ဆော်ဒီအာရေးဗျက ငြင်းဆိုလိုက်ပြီးဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေတွေကို ဖောက်ဖျက်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပါလက်စတိုင်းနယ်မြေတွေပေါ်မှာ အစ္စရေး တိုးချဲ့နေရာချထား ဖို့ ကြိုးပမ်းနေတာတွေကို ငြင်းဆိုကြောင်း ပြောကြားခဲ့ပြီး အစ္စရေးအာဏာပိုင်တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လိုက်နာရမယ်လို့ အလေးပေးဖော်ပြခဲ့ပါတယ်။

အစ္စရေးအစိုးရက ဂါဇာမှာစစ်ဆင်ရေးတွေ ပိုမိုပြင်းထန်အောင် ဆောင်ရွက်မယ့် အစီအစဉ်ကို အတည်ပြုခဲ့ပြီး အဲဒီ အစီအစဉ်မှာ ဂါဇာဒေသကိုသိမ်းယူတာ၊သိမ်းယူထားတဲ့ နယ်မြေတွေကို ဆက်လက်ထိန်းချုပ်တာ၊ ပါလက် စတိုင်းနိုင်ငံသားတွေကို ဂါဇာတောင်ပိုင်း ပြောင်းရွှေ့တာ၊ အကူအညီဖြန့်ဝေတာတွေကို ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွေနဲ့အတူ ထိန်းချုပ်တာတွေ ပါဝင်ပါတယ်။ အစ္စရေးက အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အရန်စစ်သည်အရေအတွက် သောင်းနဲ့ချီ ခေါ်ယူနေပါ တယ်။ အစီအစဉ်ကို တဖြည်းဖြည်း အကောင်ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးအာဏာပိုင်တွေ က ပြောကြားခဲ့ပါတယ်။