ပါလက်စတိုင်းစစ်သွေးကြွဟားမာ့စ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်သွားမယ့် အစီအစဉ်ကို လုံခြုံရေးဝန်ကြီးအဖွဲ့က အတည်ပြုပြီးနောက်ပိုင်း ဂါဇာကမ်းမြောင်တစ်ခုလုံးကို သိမ်းယူပြီး အထောက်အပံ့ တွေကို ထိန်းချုပ်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က မေလ ၅ ရက်မှာ ပြောဆိုခဲ့တာကို ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီစစ်ဆင်ရေးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် မတိုင်ခင် လုပ်ဆောင် သွားမှာ မဟုတ်ဘူးလို့လည်း အစ္စရေးကာကွယ်ရေးအရာရှိတစ်ယောက်က ပြောပါတယ်။ ဟားမာ့စ်နဲ့ အပစ် အခတ်ရပ်စဲဖို့ သီတင်းပတ်များစွာ ကြိုးစားပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ဒီဆုံးဖြတ်ချက်ဟာ အစ္စရေးအပေါ် နိုင်ငံတကာရဲ့ဖိအားတွေ ကျရောက်လာတာနဲ့ အဆုံးမရှိတဲ့ ဒီစစ်ပွဲကို နိုင်ငံတွင်းက ထောက်ခံမှုတွေ လျော့နည်းလာတာကိုလည်း မြင်သာစေပါတယ်။အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်ကတော့ အစ္စရေးနိုင်ငံဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်းနဲ့ သမ္မတထရမ့်ရဲ့ခရီးစဉ်မတိုင်ခင်နဲ့ ခရီးစဉ်အတွင်း ဓားစာခံတွေနဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအခြေအနေ တိုးတက်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အစ္စရေးအရာရှိတစ်ယောက်ရဲ့အဆိုအရ အခုအတည်ပြုလိုက်တဲ့ ထိုးစစ်အစီအစဉ်မှာ ဂါဇာကမ်းမြောင် တစ်ခု လုံးကို သိမ်းယူပြီး ပြည်သူတွေကို တောင်ဘက်စွန်း ဒေသဆီ ပြောင်းရွှေ့စေကာ လူသားချင်း စာနာထောက် ထားမှု အကူအညီတွေကိုလည်း ဟားမာ့စ်တို့လက်ထဲ မရောက်အောင် ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဂါဇာမှာ အစ္စရေးရဲ့စစ်ဆင်ရေးတွေကြောင့် ပါလက်စတိုင်းနိုင်ငံသား ၅၂၀၀၀ ကျော်သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားတွေဖြစ်တယ်လို့ ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုထားပါတယ်။