တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းဒေသမှာ ကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှာ (၅)ယောက်သေဆုံးခဲ့ပြီး (၁) ယောက် ပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံပိုင် စီစီတီဗီ (CCTV) ရုပ်သံဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ လည်း ချုံကင်းဒေသထဲက ချန်လို့ခေါ်တဲ့ ရွာမှာ နေအိမ်တွေ ရေဖုံးလွှမ်းနစ်မြုပ်သွားတာ အခုလို တွေ့ရပါတယ်။

ရေကြီးမှုဖြစ်စဉ်အတွင်း လူနေအိမ်ခြေပေါင်း (၂၈၀)လောက် ရေမြုပ်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။

ဒေသခံ (၄၉၀)လောက်ကိုလည်း နေရာရွှေ့ပြောင်းပေးထားရပြီး ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ရတဲ့ နေရာတစ်ခုမှာဆိုရင် ရေဟာ ရင်ခေါင်းလောက်ထိ ရှိခဲ့တယ်လို့ CCTV ရုပ်သံဌာနက ဖော်ပြပါတယ်။