ခရိုအေးရှားမီးသတ်သမား ၃၀၀ လောက်ဟာ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်တဲ့ စပလစ်မြို့အနီးမှာ တောမီး ကို ငြှိမ်းသတ်နေကြတယ်လို့ နိုင်ငံရဲ့မီးသတ်ဌာနက သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။
ခရိုအေးရှားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ စပလစ်ရဲ့ အနီးအနားကတောင်တွေမှာ တနင်္လာနေ့ကတည်းက မီးစတင်လောင်ကျွမ်းခဲ့ပြီး ဟက်တာ ၇၀၀ လောက် လောင်ကျွမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုးကြိုးပစ်ပြီးနောက် ဇနော့ဗ်နီကာမှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းတွေလည်း တိုက်ခတ်တဲ့အတွက် ဗုဒ္ဓဟူးနေ့ညမှာ မီးပြန်လည် လောင်ကျွမ်းခဲ့တာလို့ ခရိုအေးရှားမီးသတ်အဖွဲ့က ပြောပါတယ်။

မီးသတ်လေယာဉ်တွေနဲ့ မော်တော်ယာဉ် ဒါဇင်ပေါင်းများစွာကို အသုံးပြုခဲ့ပြီး ကြာသပတေးနေ့မှာ မီးကိုအောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အဲဒီဒေသမှာ လွန်ခဲ့တဲ့လအတွင်း က ပျမ်းမျှအပူချိန်နဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေ မြင်တွေ့ခဲ့ရပြီး တောမီးအတွက် အကောင်းဆုံး အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။