ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ Starlink ဂြိုဟ်တု အသုံးပြုလို့ရပြီဖြစ်ကြောင်း SpaceX ကုမ္ပဏီရဲ့စီအီးအို အီလွန်မက်စ်က သူ့ရဲ့ X အကောင့်မှာ ရေးသားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အစောပိုင်းက Starlink အသုံးပြုခွင့် ပိတ်ထားပေမယ့် အခုအချိန်မှာတော့ Starlink အသုံးပြုခွင့်လိုင်စင်ရတဲ့ နောက်ဆုံးအာဖရိကန်နိုင်ငံ ဖြစ်လာပါတယ်။

ကွန်ဂိုအစိုးရဟာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု Starlink အသုံးပြုခွင့်ပိတ်ပင်ကြောင်းကို ၂၀၂၄ ခုနှစ် မတ်လ မှာ ကြေညာခဲ့ပြီး စစ်ဘက်အရာရှိတွေကလည်း Starlink ကို ရဝမ်ဒါဘက်က ထောက်ပံ့ထားတဲ့ M23 လက်နက် ကိုင်အဖွဲ့အပါအဝင် တခြားလက်နက်ကိုင်အဖွဲ့တွေပါ အသုံးပြုနိုင်ခြေရှိတယ်လို့ သတိပေးခဲ့ပါတယ်။ အခုအခါမှာ အာဖရိကကိုပါ ဝန်ဆောင်မှုချဲ့ထွင်လာတဲ့ SpaceX ဟာ တခြားနိုင်ငံပေါင်း ၁၂ နိုင်ငံကျော်ကိုလည်း ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။