အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ ကျူးဘားနိုင်ငံကို အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်ဖို့ ရှိနေပါတယ်။ ဒါဟာ ရာဇဝတ်မှုကျူးလွန်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကျူးဘားအစိုးရက ကြေညာလိုက်ပြီးနောက် မကြာခင်မှာပဲ အမေရိကန်အစိုးရဘက်လည်း အင်္ဂါနေ့မှာ အခုလို ပြောကြားလာတာပါ။

ကျူးဘားက အကျဉ်းသား (၅၅၃)ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ပြောထားပြီး အဲဒီအထဲမှာ လွန်ခဲ့တဲ့ (၄)နှစ်က ကျူးဘားအစိုးရ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေမှာ ပါဝင်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေလည်း ပါဝင် လာမယ်ုလိ့ မျှော်လင့်ရပါတယ်။ အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်ဟာ သူရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းကုန်ဆုံးခါနီးမှာ ကျူးဘားကို အကြမ်းဖက်ဝါဒအားပေးစာရင်းထဲ ထည့်သွင်းခဲ့တာပါ။

ဒီအတွက် အခုလိုမျိုး ဘိုင်ဒန်က စာရင်းက ပယ်ဖျက်တဲ့ အပေါ် မကြာခင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမဲ့ ထရမ့်က အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြောင်းမလားဆိုတာက မရှင်းမလင်း ဖြစ်နေပါတယ်။ လက်ရှိမှာ ကျူးဘားနိုင်ငံဟာ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား တို့နဲ့အတူ အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။