တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီကျန်းပြည်နယ် ကျန်းတန် မြစ်အတွင်းမှာ ရွှေအိုရောင် ရေလှိုင်းတွေနဲ့ ငွေရောင်ရေလှိုင်း တွေ တွေ့ဆုံမိရာကနေ ရင်သပ်ရှုမောဖွယ် သဘာ၀ ဒီရေလှိုင်း အလှပုံရိပ်တွေကို ဗုဒ္ဓဟူးနေ့က အခုလို မြင်တွေ့ လိုက်ရပါတယ်။
သစ်ပင် ပုံသဏ္ဌာန် ဒီရေလှိုင်းတွေ ကမ်းစပ်တစ်လျှောက် ဂယက်ထခဲ့လို့ မြစ်ကမ်းနံဘေးမှာ လာရောက် ကြည့်ရှုသူတွေကို မှင်သက်စေခဲ့ပါတယ်။
အဲဒီ ဒီရေလှိုင်းတွေဟာ မြစ်ထဲမှာ ဒီရေ တလှိမ့်လှိမ့် တက်လာတဲ့နောက် လှပတဲ့ ရေလှိုင်းတွေ တစ်လွှာပြီး တစ်လွှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ကျန်းတန်မြစ် ဟာ ကြီးမားတဲ့ ဒီရေလှိုင်းတွေ ဖြစ်ပေါ်တဲ့ မြစ်အဖြစ် ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ မြစ်ဖြစ်ပြီး အဲဒီ ဒီရေလှိုင်း တွေရဲ့ သဘာ၀အလှကို ရှုစားဖို့ ခရီးသွား ထောင်ပေါင်းများစွာ နှစ်စဉ် လာရောက်လေ့ရှိပါတယ်။