ကိုလံဘီယာအစိုးရနဲ့ အမျိုးသားလွတ်မြောက်ရေးတပ်(NLA)တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပရေး မအောင်မြင်တဲ့နောက် နိုင်ငံအရှေ့မြောက်ပိုင်းဒေသက တိုက်ခိုက်သတ်ဖြတ်မှုတွေမှာ လူ(၈၀)ကျော် သတ်ဖြတ် ခံခဲ့ရပါတယ်။

စနေ၊ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်တွေမှာ အယောက်(၂၀) ဒဏ်ရာရပြီး လူထောင်ချီ နေရပ်စွ့န်ခွာ ထွက်ပြေးနေရပါတယ်။ကိုလံဘီယာစစ်တပ်က သတ်ဖြတ်မှုတွေ ဖြစ်ပွားရာနေရာက ဒေသခံတွေကို နေရာရွှေ့ပြောင်းပေးဖို့ ဆောင်ရွက်နေပါတယ်။ သတ်ဖြတ်မှုတွေမှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေသခံ ရပ်ရွာလူမှုခေါင်းဆောင်နဲ့အတူ လူ(၇)ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီသတ်ဖြတ်တိုက်ခိုက်မှုတွေ ဟာ ကာတာတုန်ဘိုဒေသထဲက မြို့တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်မှာ ပါဝင်သူ အနည်းဆုံး (၃)ယောက်လည်း ပြန်ပေးဆွဲ ခေါ်ဆောင်ခံရတယ်လို့ ကိုလံဘီယာ အရာရှိတွေက ပြောပါတယ်။ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး အိုင်ဇန် ဗာလက်စကွက်ဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်ပွားရာ အဲဒီဒေသ ကို သွားရောက်ပြီး ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်နေပါတယ်။