ကိုလံဘီယာတက္ကသိုလ်ဥက္ကဋ္ဌ မီနော့ ရှဖီ ဟာ တက္ကသိုလ်နယ်မြေအတွင်း ဂါဇာစစ်ပွဲအရေး ဆန္ဒဖော်ထုတ်မှုတွေ အပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရာထူးကနေ ဗုဒ္ဓဟူးနေ့က နုတ်ထွက်သွားခဲ့ပါတယ်။
အီဂျစ်နွယ်ဖွား စီးပွားရေး ပညာရှင်နဲ့ ကမ္ဘာ့ဘဏ် အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ အဆင့်မြင့်အရာရှိအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ ရှဖီဟာ ကိုလံဘီယာ တက္ကသိုလ်နယ်မြေအတွင်းက ဂါဇာအရေး ဆန္ဒဖော်ထုတ်မှုတွေအပေါ် သူရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရသူပါ။

လူမှုအသိုက်အဝန်းအတွင်းမှာ မတူကွဲပြားခြားနားတဲ့ အမြင် အယူအဆတွေကို လက်သင့်ခံနိုင်ဖို့အတွက် ခက်ခဲလှတဲ့ မတည်ငြိမ်မှုတွေ ပြည့်နေတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ကြောင်း၊ အဲဒီလိုအချိန်ကာလမျိုးမှာ အများသူငါ ကြုံရသလိုပဲ သူ့မိသားစုမှာလည်း ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ရှဖစ်ခ်က တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ပေးပို့ခဲ့တဲ့ အီးမေးလ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ရှဖီဟာ တက္ကသိုလ်နယ်မြေအတွင်းက ဆန္ဒဖော်ထုတ်မှုတွေကို ဖမ်ဆီးမှုတွေလုပ်ဖို့ ခွင့်ပြုချက်ပေးမှုနဲ့ အောက်လွှတ်တော် ပညာရေးကော်မီတီရှေ့မှောက်မှာ တက္ကသိုလ်နယ်မြေအတွင်းက ဆန္ဒ ဖော်ထုတ်မှုတွေအပေါ် ကိုင်တွယ်ပုံကို ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ဝေဖန်ခံခဲ့ရပြီး ရာထူးကနေ နုတ်ထွက်ဖို့ အထိ ဖိအားပေးခံလာခဲ့ရတာဖြစ်ပါတယ်။