ကာ့စ်ဒေသမှာရှိတဲ့ ယူကရိန်းတပ်တွေကို အမြန်ဆုံးရှင်းလင်းတိုက်ထုတ်ဖို ရုရှားသမ္မတညွှန်ကြားကြောင်း မတ်လ ၁၂ရက်နေ့က Reuters သတင်းမှာဖေါ်ပြထားပါတယ်။ကာ့စ်ဒေသထဲမှာ ယူကရိန်းသိမ်းပိုက်ထားတဲ့ နယ်မြေတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

မတ်လ ၁၂ ရက်နေ့က ကာ့စ်ဒေသဆိုင်ရာ စစ်ဆင်ရေးအမိန့်ပေးဌာနချူပ်ကို သမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင် လာရောက်ပြီး သက်ဆိုင်ရာတာဝန်ခံတပ်မှူးတွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။၈၀ ရာခိုင်နှုန်း ကျော်ကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်လို ကျန်ဒေသတွေအားလုံးကို အမြန်ဆုံးပြန် လည်သိမ်းပိုက်နိုင်ဖိုနဲ့ ယူကရိန်းတပ်တွေကို ရုရှားမြေထဲကနေ အမြန်ဆုံးနဲ့ အပြီးမောင်းထုတ်ဖို သမ္မတဗလာဒီမာ ပူတင်က ညွှန်ကြားခဲ့ကြောင်းလည်း သတင်းတွေ မှာဖော်ပြပါတယ်။

ယူကရိန်းကို ထောက်လှမ်းရေးသတင်းမျှဝေတာတွေ ဒေါ်နယ်ထရမ့် အစိုးရက ရပ်ဆိုင်းထားချိန်မှာ ကာ့စ်ဒေသထဲက ယူကရိန်း အခြေစိုက် နောက်တန်းစခန်းတွေကို ရုရှားတပ်တွေဟာ မြေအောက်ပိုက်လိုင်းတွေကတစ်ဆင့် လျှပ်တစ်ပြတ် တိုက်ခိုက်နိုင်ခဲ့ပြီး ဆူဒ်ချာမြိုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ တာလို ရုရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။