ယူကရိန်းက သိမ်းယူထားတဲ့ ကာ့စ်ဒေသရှိ နယ်မြေ ၈၆ ရာခိုင်နှုန်းကျော်ကို ရုရှားဘက်က ပြန်လည် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ရုရှားအစိုးရပိုင်မီဒီယာတွေမှာဖေါ်ပြထားတယ်လို Reuters သတင်းက ဆိုပါတယ်။ဧရိယာစတုရန်းကီလိုမီတာ ၁၁၀၀ ကျော်ရှိ ကာ့စ်ဒေသက နယ်မြေ ၈၆ ရာခိုင်နှုန်းကျော်ကို ရုရှားတပ်ဖွဲတွေက ပြန်လည်သိမ်းယူခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က မတ်လ ၁၂ရက်နေ့က ကာ့စ်ဒေသကိုသွားရောက်ပြီး ရုရှားစစ်တပ် ရဲ့ စစ်ဦးစီးချုပ် နဲ့တွေ့ဆုံစဉ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲတွေက ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ကာ့စ်ဒေသ အနောက်ဘက်ခြမ်းကို ဝင်ရောက်လာခဲ့တဲ့အတွက် ရုရှားစစ်တပ်က အရှိန်မြှင့်ထိုးစစ်ဆင်နေပါတယ်။မဝေးတော့တဲ့ အနာဂတ်မှာ ရန်သူကို အမြန်ဆုံး ပြတ်ပြတ်သားသားအနိုင်ယူပြီး အရှိန်မြှင့်ထိုးစစ်ဆင်သွားမှာလည်းဖြစ်ကြောင်း ရုရှားသမ္မတ ကထပ်လောင်းပြောကြားထားပါတယ်။ တစ်ဖက်မှာလည်း ကာ့စ်ဒေသမှာရှိတဲ့ ယူကရိန်းတပ်တွေကို အမြန်ဆုံးရှင်းလင်းတိုက်ထုတ်ဖို ရုရှားသမ္မတကညွှန်ကြားထားတယ်လိုသိရပါတယ်။