ရုရှားနိုင်ငံက ကာ့စ်ခ် နျူကလီးယားဓာတ်အားပေးစက်ရုံကို သြဂုတ် ၂၇ ရက်က သွားရောက်လည်ပတ်ပြီးနောက် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ ရာဖေးဂရိုစီက နျူကလီးယားမတော်တဆမှု ဖြစ်နိုင်ချေ ရှိပြီး အခြေအနေက စိုးရိမ်စရာလို့ ပြောပါတယ်။
ကာ့စ်ခ်ဒေသဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ရည်ညွန်းပြီး နျူကလီးယား မတော်တဆမှု ဖြစ်နိုင်ခြေ ရှိနေတယ်လို့ ဂရိုစီက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
စက်ရုံဟာ အကာအကွယ်အမိုးခုံး မရှိတဲ့အတွက် အလွန်ပျက်စီးလွယ်တယ်လို့လည်း ပြောပါတယ်။
အခုလအတွင်း ရုရှားပိုင်နက် နယ်မြေတွေကို ဖောက်ထွင်းပြီး ကီလိုမီတာ ၄၀ အကွာအထိ ရောက်လာတဲ့ ယူကရိန်းတပ်ဖွဲ့တွေက စက်ရုံကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

စွပ်စွဲချက်တွေကို ယူကရိန်းက တုံ့ပြန်တာ မရှိသေးပါဘူး။
ရုရှားနိုင်ငံပိုင် နျူကလီးယားကုမ္ပဏီက စက်ရုံရဲ့ နံပါတ်သုံး ဓာတ်ပေါင်း ဖိုဟာ စီစဉ်ထားတဲ့ စွမ်းရည်အတိုင်း လုပ်ဆောင်နေတယ်လို့ ဂရိုစီက ပြောပါတယ်။
စတုတ္ထမြောက် ဓာတ်ပေါင်း ဖိုကတော့ တနင်္ဂနွေနေ့ကတည်းက စီစဉ်ထားတဲ့ ပြုပြင်ထိန်းသိမ်းမှုကို လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။