ကာတာနိုင်ငံရှိ Al Jazeera ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေအပါအဝင် ပိုင်နက်အတွင်း လည်ပတ်မှုတွေကို ခေတ္တရပ်ဆိုင်းထားကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောကြားထားတာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

ယဉ်ကျေးမှု၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးတွေက “လှည့်ဖြားသွေးဆောင်ပြီး နှိုးဆော်နေတာတွေကြောင့် အခုလို ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ဒီထုတ်ပြန်ချက်ဟာ ယာယီ အမိန့်ထုတ်ပြန်ချက်သာဖြစ်တယ်လို့ ပြောပေမဲ့ ပြန်လည်ထုတ်လွှင့်ရမယ့်ရက် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားထားတာ မရှိပါဘူး။

သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ပျံ့နှံ့နေတဲ့ အဖြစ်အပျက်တွေကို သတင်းပို့တာတွေကြောင့် အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။