ဩစတြေးလျနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ဥပဒေအရ စည်းနှောင်ထားမှုရှိတဲ့ စာချုပ်အဆင့်နီးပါးထိရှိတဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘားနိစ်က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
အဲဒီသဘောတူညီချက် အရ နှစ်နိုင်ငံစစ်တပ်တွေအနေနဲ့ တစ်နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ တစ်နိုင်ငံက စစ်ဆင်လှုပ်ရှားမှုတွေ လုပ်နိုင်မှာ ဖြစ်တယ်လို့ ကမ်ဘာရာမြို့ သတင်းစာရှင်းလင်းပွဲမှာ အယ်လ်ဘားနိစ်က ပြောပါတယ်။
အဲဒီသဘောတူညီချက် ဟာ တစ်နိုင်ငံရဲ့ လုံခြုံရေးကို တစ်နိုင်ငံက ပံ့ပိုးကူညီနိုင်ရုံသာမကဘဲ ဒေသတွင်း တည်ငြိမ်မှုကိုလည်း ထောက်ကူ ပေးနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဩစတြေးလျနဲ့ အင်ဒိုးနီးရှားနိုင်ငံတို့ဟာ ကမ္ဘာ့အရှည်လျားဆုံး ရေကြောင်းနယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ကြပြီး လုံခြုံရေး၊ လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခို ဖောက်ကားမှု အပါအဝင် ကိစ္စရပ်အတော်များများမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတဲ့ နိုင်ငံတွေဖြစ်ကြ ပါတယ်။