အိုမန်နိုင်ငံ ဒိုဖာဒေသအလယ်ဗဟိုက ကမ္ဘာ့အမွေအနှစ်နေရာက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် နိုင်ငံ တကာရဲ့ ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေ ပါဝင်ဖို့ အိုမန်ရှေးဟောင်းသုတေသနပညာရှင်က တောင်းဆို လိုက်ပါတယ်။
အက်ရှ်ရှီဆာရွာအနီးက ရှီဆာသုတေသနနေရာဟာ ရှေးဟောင်းယဉ်ကျေးမှုတွေရဲ့ ဉာဏ်ပညာနဲ့ နက်နဲတဲ့ အရာတွေကို သက်သေပြနေပါတယ်။
အဲဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်အောင် အိုမန် ရှေးဟောင်း သုတေ သနပညာရှင် မက်ဘ်ရွတ် မိုဆင်ဟာ သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံခဲ့ပါတယ်။

ရှီဆာတည်နေရာဟာ ရှေးဟောင်း ယဉ်ကျေးမှုမျိုးစုံက သမိုင်းဝင်ပစ္စည်းတွေ ပေါင်းစပ်နေတဲ့အတွက် ပူးပေါင်းဆောင်ရွက်တဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းတွေရဲ့ မီးရှူးတန်ဆောင်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
ဒီနေရာဟာ သူ့ရဲ့မွေးရာပါ ပဟေဠိတွေကို ထိန်းသိမ်းထားဆဲဖြစ်လို့ နိုင်ငံတကာစူးစမ်းလေ့လာမှုတွေ လိုအပ်ကြောင်း၊ ဒေသကို ဖော်ထုတ်ဖို့ ကျွမ်းကျင်သူ တွေနဲ့ စေ့စေ့စပ်စပ် လေ့လာသင့်ကြောင်း မိုဆင်က ပြောဆိုခဲ့ပါတယ်။
မိုဆင်အနေနဲ့ သူ့လုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေချိန်မှာ ဒီနေရာရဲ့ လျှို့ဝှက်တွေကို ဖော်ထုတ်ဖို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ် လိုက်တာ ဖြစ်ပါတယ်။