အင်္ဂလန် အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းမှာ မတ်လ ၁၁ရက်နေ့က အမေရိကန် စစ်တပ် ငှားရမ်းထားတဲ့ ရေနံတင်သင်္ဘောနဲ့ ကုန်တင် သင်္ဘောတစ်စီးတို့တိုက်မိပြီး ကြီးမားတဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ CNN သတင်းမှာဖေါ်ပြထားပါတယ်။

ဆိုဒီယမ် ဆိုင်ယာနိုက် တင်ဆောင်လာတဲ့ ကုန်တင် သင်္ဘော ကုမ္ပဏီနဲ့ အမေရိကန် စစ်တပ် ငှားရမ်းထားတဲ့ ရေနံတင် သင်္ဘောတို့တိုက်မိပြီး ကြီးမားတဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။Solong(ဆိုလောင်း) အမည်ရှိ ကုန်တင် သင်္ဘောဟာ “အမည်မသိအရက်တွေနဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၁၅ ဗူး” သယ်ဆောင်လာခဲ့ပြီး ဆိုင်ယာနိုက်ကပင်လယ်ထဲကို ဝင်ရောက်သွားခြင်း ရှိ၊ မရှိကို တိတိကျကျမသိရသေးဖူးလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ်။

ရေနံတင်သင်္ဘော မီးလောင်ကျွမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်း ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်။ လက်ရှိ Solong သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ သင်္ဘောသား ၁၄ ဦးကလွဲပြီး အားလုံးကို ကမ်းစပ်ဘက် ဘေးကင်းစွာ ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။မီးလောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေဖော်ဆောင်နေပြီး ပျောက်ဆုံးနေသူတွေကိုတော့ ရှာမတွေ့သေးပါလို့ ဗြိတိန်ကမ်းခြေစောင့်တပ်ကပြောပါတယ်။