အမေရိကန်ပြည်ထောင်စုမှာ TiKToK ပိတ်ပင်ခံရမဲ့ အရေးနဲ့ ရင်ဆိုင်နေရတဲ့နောက် အက်ပ် သုံးစွဲသူတွေဟာ နောက်ထပ် တရုတ်ဆိုရှယ်မီဒီယာ အက်ပ်ဖြစ်တဲ့ ရှောင်ဟုန်ရှု Xiaohongshu ကို ပြောင်းလဲ သုံးစွဲလာနေကြ ပါတယ်။ အဲဒီလို အစုလိုက် ပြောင်းလဲသုံးစွဲလာနေတဲ့အတွက် RedNote လို့လည်း သိကြတဲ့ ရှောင်ဟုန်ရှုဟာ Apple App Store မှာ ဒေါင်းလုပ်အများဆုံး ထိပ်တန်း အက်ပ်တစ်ခု ဖြစ်လာနေတယ်လို့ CNA သတင်းမှာ တနင်္လာနေ့က ဖော်ပြပါတယ်။

ရှောင်ဟုန်ရှုဟာ အင်စတာဂရမ်နဲ့ ပင်တရက်စ် အက်ပ်တွေရဲ့ သွင်ပြင်နဲ့ တူညီတဲ့ အက်ပ်တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်က TiKToK ပိုင်ရှင်ဖြစ်တဲ့ ဘိုင်တေဒန့်စ် ကို အဲဒီအက်ပ် ရောင်းချဖို့ ဒါမှမဟုတ် ပိတ်ပစ်ဖို့ ဖိအားပေးတဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စတင်အကျိုးသက်ရောက်ပြီလည်း ဖြစ်ပါတယ်။ အဲဒီဥပဒေကို ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြည်ဖုံးကားချတာ ဖြစ်တယ်လို့ စောဒကတက်ကြပါတယ်။

အမေရိကန် အစိုးရဘက်ကတော့ TikToK ဟာ ပေကျင်းအစိုးရကို အချက်အလက်တွေနဲ့ သုံးစွဲသူတွေအပေါ် စောင့်ကြည့် ထောက်လှမ်းဖို့ ခွင့်ပြုထားပြီး တရုတ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး ကွန်ရက်လို့ စွပ်စွဲထားပါတယ်။ တရုတ်အစိုးရနဲ့ ဘိုင်တေဒန့်စ်ကတော့ အဲဒီပြောဆိုချက်တွေကို အခိုင်အမာ ငြင်းဆိုနေပါတယ်။ အမေရိကန်ပြည်တွင်းမှာ TiKToK သုံးစွဲသူဟ သန်း (၁၇၀)လောက် ရှိနေပါတယ်။