အမေရိကန်ကို တင်သွင်းလာမယ့် အီလက်ထရွန်းနစ်ပစ္စည်းတွေ အပြန်အလှန်အခွန်စည်းကြပ်မှု ကင်းလွတ်ခွင့်ရရှိမှာတော့မှာဖြစ်ကြောင်း ဧပြီလ ၁၁ရက်နေ့ နှောင်းပိုင်းမှာ အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး က Reuters သတင်းဌာနကို သတင်းပေးလာခဲ့ပါတယ်။

အမေရိကန်က ကင်းလွတ်ခွင့်ပြုထားတဲ့ ထုတ်ကုန်တွေထဲမှာ စမတ်ဖုန်းတွေ ၊ ကွန်ပျူတာမော်နီတာတွေနဲ့ အမျိုးမျိုးသော အီလက်ထရွန်နစ် အစိတ်အပိုင်းတွေပါဝင်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ကင်းလွတ်ခွင့်ပြုလိုက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ မပါဝင်တာတွေကို ဂိုဒေါင်တွေကနေ အမြန်ဆုံး ဖယ်ရှားမှာ ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့မှာ ထရမ့် အစိုးရက အမေရိကန်ကို တင်သွင်းတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အနိမ့်ဆုံးအကောက်ခွန်နှုန်းထား ၁၄၅ ရာခိုင်နှုန်း အထိချမှတ်ခဲ့တာဖြစ်ပါတယ်။

အခွန်ကင်းလွတ်ခွင့်က တရုတ်နိုင်ငံမှာထုတ်လုပ်နေတဲ့ iPhone တွေနဲ့ အခြားထုတ်ကုန်တွေ ထုတ်လုပ်နေတဲ့ Apple ကဲ့သို့ နည်းပညာကုမ္ပဏီကြီးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

လေ့လာသုံးသပ်သူတွေက အခွနကင်းလွတ်ခွင့်ပေးတာဟာ “ နည်းပညာ ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်တယ်လို့ပြောကြားထားပါတယ်။
ဒီအကြောင်းအရာနဲ့ဆက်စပ်ပြီး Apple၊ Nvidiaနဲ့ Microsoft ကဲ့သို့ နည်းပညာလုပ်ငန်းကြီးတွေအတွက် သတင်းကောင်းတစ်ခုဖြစ်သလို ကြီးမားကျယ်ပြန့်တဲ့ အဆင့်မြင့်နည်းပညာထုတ်ကုန်တွေကို ဆက်လက် ထုတ်လုပ် ဆောင်ရွက်နိုင်မယ့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။