အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးပွဲ ကျင်းပရေးအတွက် ပိုလန်နိုင်ငံ ဂျက်ရှောင်မြို့ကို စက်တင်ဘာ ၁၀ ရက်က ရောက်ရှိလာပါတယ်။

ဘလင်ကန်ဟာ နှစ်နိုင်ငံ ကာကွယ် ရေးနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးအပြင် ယူကရိန်းကာကွယ်ရေးကို ထောက်ပံ့ဖို့ နေတိုးမဟာမိတ်အဖြစ် နှစ်နိုင်ငံဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ဆွေးနွေးမယ်လို့ ခန့်မှန်းပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ကလည်း ဘလင်ကန်က ဗြိတိန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီတို့ကို လန်ဒန်မှာ တွေ့ဆုံပြီး ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းကို ထောက်ပံ့ဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတုံ့ပြန်ရေးတို့ကို ဆွေးနွေးခဲ့ ပါတယ်။