ဩစတြီးယားပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့နောက် သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ကြောင်း လက်ယာ စွန်း Freedom Party (ဖရီဒမ်း ပါတီ)ခေါင်းဆောင်က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
မဲရလဒ်တွေထွက်ပေါ် ပြီးနောက် ဗီယင်နာမြို့တော်မှာ ပါတီထောက်ခံသူတွေနဲ့တွေ့ဆုံရာမှာ ခေတ်သစ်တစ်ခုကိုသွားမဲ့တံခါးကို ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း ကစ်ကဲလ် က ပြောသွားခဲ့တာပါ။
နိုင်ငံပိုင်ရုပ်သံ (ORE)မှာ ပါတီတာဝန်ရှိသူတွေနဲ့အတူ မိန့်ခွန်းပြောဆိုရာမှာလည်း ကစ်ကဲလ်က သူ့ပါတီအနေနဲ့ အစိုးရဖွဲ့စည်းရေးအတွက် တခြားပါတီတွေနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း၊ တခြား ပါတီတွေအနေနဲ့ သူနဲ့ ညွန့်ပေါင်းတစ်ရပ်ဖွဲ့စည်းတာကို ငြင်းဆန်နေတဲ့အပေါ်မှာ ပြန်လည် သုံးသပ်သင့်ကြောင်းလည်း ကစ်ကဲလ်က ပြောသွားခဲ့ပါတယ်။

လက်ယာစွန်းခေါင်းဆောင် ကစ်ကဲလ်ကို တခြား ပါတီ ခေါင်းဆောင်တွေဘက်က နှစ်သက်လိုလားခြင်းမရှိဘဲ ရွေးကောက်ပွဲမှာ ဒုတိယမဲ အများဆုံးရရှိထားခဲ့တဲ့ ကွန်ဆာ ဗေးတစ်ပြည်သူ့ပါတီခေါင်းဆောင် လက်ရှိ ဝန်ကြီးချုပ် နီဟာမား ကလည်း ကစ်ကဲလ်ပါဝင်တဲ့ အစိုး ရတစ်ရပ်ကို သူ့ပါတီက ဝင်ရောက်ပူးပေါင်းမှာ မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောကြားထားပါတယ်။
ဩစကြီးယားနိုင်ငံ ပါလီမန်ရွေးကောက်ပွဲတွေမှာ လက်ယာစွန်း ဖရီးဒမ်း ပါတီ အနိုင်ရရှိတဲ့အပေါ်မှာ ဥရောပနိုင်ငံတွေက မဟာမိတ် လက်ယာစွန်းပါတီတွေကတော့ ချီးကျူးဂုဏ်ပြုထားကြပါတယ်။