ဂရိနိုင်ငံ အေသင်မြို့အပြင်ဘက်မှာ သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်းကစတင်ပြီး လျင်မြန်စွာရွေ့လျားနေတဲ့ တောမီး ကို မီးသတ်သမားတွေက ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။
ဒေသခံတွေ နေအိမ်တွေက ထွက်ပြေးကြပြီး ညဘက်မှာ လည်း မီးဆက်လက်ကူးစက်ခဲ့ပါတယ်။ မီးငြှိမ်းသတ်ရေးလေယာဉ်တွေနဲ့ပါ မီးကိုငြှိမ်းသတ်ခဲ့လို့ မီးငြိမ်းသွားခဲ့ပေ မယ့် လူနေအိမ်တွေကြားမှာ မီးကူးစက်ခဲ့တဲ့အတွက် အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
ရာသီဥတုပူပြင်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဂရိမြို့တော်ရဲ့မြောက်ဘက် ၃၅ ကီလို မီတာ အကွာက ဗာနာဗာ့စ်မှာ သစ်ပင်တွေ အိမ်တွေနဲ့ ကားတွေ ကူးစက်လောင်ကျွမ်းခဲ့တာပါ။

မီးသတ်သမား ၄၀၀ ကျော်က မီးသတ်လေယာဉ် ၁၆ စင်း၊ ရဟတ်ယာဉ် ၁၃ စင်းနဲ့ ငြှိမ်းသတ်ခဲ့လို့ မွန်းလွဲပိုင်းမှာ မီးကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။
လူဦးရေ ၁၈၀၀ လောက် နေထိုင်တဲ့ ဗာနာဗာ့စ် အနီးက ဧရိယာကိုးခုအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပါတယ်။ မေလကတည်းက ဂရိနိုင်ငံတစ်ဝန်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ လောင်ကျွမ်းခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတဲ့ ပိုမိုပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် မီးလောင်မှု အကြိမ်ရေများပြီး ပြင်းထန်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။