အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်စဉ်နှစ်ခုအတွင်း သေဆုံးသူ အရေအတွက်ဟာ (၂၂၉) ယောက်အထိ ခုန်တက်လာနေပြီး ဒီထက် ပိုများနိုင်ဖွယ်ရှိနေတယ်လို့ အီသီယိုပီးယား အစိုးရတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

နိုင်ငံတောင်ပိုင်း ဂိုဖာ ဒေသမှာ တနင်္ဂနွေနေ့ ညပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့ နောက် မြေပြိုမှုဖြစ်ခဲ့တာပါ။

အဲဒီမြေပြိုမှု ဖြစ်တဲ့နေရာမှာ ကူညီကယ်ဆယ်မှုတွေ လုပ်နေကြချိန် တနင်္လာနေ့ မနက်ပိုင်းမှာ ဒုတိယမြောက် မြေပြိုမှု ထပ်ဖြစ်ပြီး ကူညီဖို့ရောက်နေသူတွေကိုပါ မြေစာတွေ ဖုံးလွှမ်းခဲ့ပါတယ်။

တာဝန်ရှိသူတွေက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ လူတွေဟာ ဂေါ်ပြားတွေနဲ့ရော ၊ လက်နဲ့ပါ မြေကို တူးဆွပြီး ရှာဖွေမှု တွေ လုပ်နေတာကို တွေ့ရပါတယ်။

ဝန်ကြီးချုပ် အဘစ် အာမက်က မြေပြိုမှုအတွင်း အသက်ဆုံးရှုံးရသူတွေ အတွက် အလွန်ဝမ်းနည်းသောကရောက်ရကြောင်းနဲ့ သဘာ၀ဘေးသင့်တဲ့နေရာကို ဖယ်ဒရယ် အာဏာပိုင်တွေက အကူအညီတွေ ပေးပို့စေလွှတ်ထားကြောင်း ပြောပါတယ်။