Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ကို ကုမ္ပဏီက စံချိန်တင် လစာငွေ အမေရိကန် ဒေါ်လာ ၅၆ ဘီလီယံ ပေးအပ်ရေး သဘောတူညီချက်ကို ပြန်အသက်သွင်းမှာ မဟုတ်ဘူးလို့ ဒီလာဝဲတရားရုံး တရားသူကြီးတစ်ယောက် က ဆုံးဖြတ်ခဲ့ပါတယ်။
မတ်စ်ကို စံချိန်တင်ခံစားခွင့်ပေးဖို့ နွေရာသီမှာ အစုရှယ်ယာရှင်အများစုနဲ့ ဒါရိုက်တာတွေ က အတည်ပြုခဲ့ပေမယ့် မကျေနပ်သူက အမှုဖွင့်ခဲ့လို့ လပေါင်းများစွာ ဥပဒေကြောင်းအရ အငြင်းပွားမှုအပြီးမှာ ဒီလာဝဲတရားရုံးရဲ့ ဆုံးဖြတ် ချက် ထွက်ပေါ်လာတာပါ။ မတ်စ်ရဲ့ သြဇာလွှမ်းမိုးမှု လွန်ကဲလွန်းတယ်လို့ သတ်မှတ်ပြီး ဇန်နဝါရီလက သူမရဲ့ အရင်ဆုံးဖြတ်ချက်ကို တရားသူကြီး ကက်သလင်း မက်ကောမစ်နဲ့ အဖွဲ့ဝင်တွေက ဆက်လက်အတည် ပြုခဲ့ပါ တယ်။

ကုမ္ပဏီမဲတွေကို ထိန်းချုပ်သင့်တာက ရှယ်ယာပိုင်ရှင်တွေဖြစ်ပြီး တရားသူကြီးတွေ မဟုတ်ဘူးလို့ မတ်စ်က X လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှားယွင်းနေလို့ စီရင်ချက်ကို Tesla က အယူခံဝင်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။၂၀၁၈ ခုနှစ်ကစတင်ခဲ့တဲ့ Tesla ရဲ့ အီလွန်မတ်စ်အပေါ် ခံစားခွင့်ပေးမှုဟာ တရားမျှတကြောင်း သက်သေပြဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားသူကြီး မက်ကောမစ်က ပြောပါတယ်။ Tesla နဲ့ မတ်စ်ကို အမှုဖွင့်ခဲ့တဲ့ Tesla အစုရှယ်ယာရှင်တွေကိုလည်း သူတို့တောင်းခံထားတဲ့ ရှယ်ယာ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံဖိုးအစား ဒေါ်လာ ၃၄၅ သန်းကိုပဲ အခကြေးငွေအဖြစ် ရရှိသင့်ကြောင်းလည်း တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။