အီတလီမြောက်ပိုင်းမှာမြစ်ရေအဆမတန်လျှံတက်လာတဲ့ အော်ကိုမြစ်ရဲ့ ပုံရိပ်တွေနဲ့ မြစ်ကမ်းအနီးဒေသတွေမှာ ရေကြီးမှုဖြစ်ပေါ်နေတဲ့ မြင်ကွင်းဗီဒီယိုဖိုင်ကို ဒေသအာဏာပိုင်တွေက ကြာသပတေးနေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
အီတလီမီးသတ်တပ်ဖွဲ့ဝင်တွေဟာ ဖာလတ်တိုဒေသမှာ ရေကြီးမှုအတွင်း ပျောက်ဆုံးသွားသူတစ်ယောက်ကိုလည်း ရှာဖွေမှုတွေ လုပ်နေပါတယ်။

မကြာသေးခင် ရက်တွေကစပြီး အီတလီမြောက်ပိုင်းဒေသကို မုန်တိုင်း မိုးတွေ ဝင်ရောက်ခဲ့ပြီး အဲဒီအတွက် နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လမ်းခရီးသွားလာရေး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။
အခုသီတင်းအပတ် အစောပိုင်းတုန်းကလည်း ရောမမြို့တော်က ကွန်စတန်တီ ရှေးဟောင်း မုခ်ဦးဟာလည်း မိုးကြိုးထိမှန်လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။