အိုက်စလန်နိုင်ငံ တောင်ပိုင်းမှာ ရေခဲရေလွှမ်းမိုးမှုတစ်ခု ဇူလိုင် ၂၇ ရက်က ဖြစ်ပွားခဲ့လို့ မြို့ရှောင်လမ်းတစ်လမ်း နစ်မြုပ်ခဲ့ပြီး အနီးအနားက တံတားတစ်ဖက်စွန်းမှာ လမ်းပြတ်သွားတောက်ခဲ့ကြောင်း မိုးလေဝသဌာနက ထုတ် ပြန်ခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ ကြီးမားတဲ့ ရေခဲရေလွှမ်းမိုးမှုဖြစ်ပေမဲ့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဝေဟင်ရုပ်သံမှတ်တမ်းအရ လူသူမဲ့မြေပြန့်ကျယ် ဧရိယာကို ရွှံ့ရေတွေ ဖုံးလွှမ်းနေပြီး တခြားဗီဒီယိုတစ်ခုမှာ အဝေးပြေးလမ်းမကြီးပေါ်က တံတားအောက်မှာ ချောင်းရေတွေ တစ်ဟုန်ထိုး စီးဆင်းနေ တာကို မြင်ရပါတယ်။

မီယာဒါလ်ဂျိုကူ ရေခဲမြစ်တောင်ဘက် ကမ်းရိုးတန်းမြို့ ‘ဗစ်’ကနေ အရှေ့ဘက် ကီလိုမီတာ ၇၀ အကွာက အခြားမြို့တစ်မြို့အထိ လမ်းပိုင်းကို ရေလွှမ်းမိုးမှုကြောင့် ပိတ်ထားခဲ့ရကြောင်း လမ်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်အချိန်မှာ ရေလွှမ်းမိုးမှု အထွတ်အထိပ် ရောက်ရှိမလဲ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့လည်း မိုးလေဝသဌာနက ပြောဆိုခဲ့ပါတယ်။