အိမ်ဖြူတော်မှာ ရာထူးတာဝန် စတင်မဲ့ရက်အတွက် အမှုဆောင်အမိန့် ၁၀၀ ကျော်ကို ရွေးကောက်ခံသမ္မတထရမ့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း AP သတင်းမှာ ရေးသားထားပါတယ်။

အမှုဆောင်အမိန့် ၁၀၀ ကျော်အတွက် ပြင်ဆင်နေပြီး နယ်စပ်လုံခြုံရေး၊ ပြည်နှင်ဒဏ်နဲ့ အခြားမူဝါဒဆိုင်ရာ ဦးစားပေးမှုတွေကိုလည်း အလျင်အမြန် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ရာထူးစတင်တာဝန်ယူချိန် ဇန်နဝါရီ ၂၀ ရက်နေ့ကနေစပြီး လုပ်ဆောင်ချက် အများအပြားကို စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

ထရမ့်ရဲ့ ထိပ်တန်းအကြံပေး Stephen Miller ကလည်း GOP အထက်လွှတ်တော်အမတ်တွေအတွက် နယ်စပ် လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးမှာ ကြပ်မတ်ရေးအစီအမံတွေကို အမြန်ဆုံး စတင်နိုင်ဖွယ်ရှိတယ်လို့ ပြောကြား ထားပါတယ်။ ရွေးကောက်ခံသမ္မတထရမ့်ရဲ့ မဟာမိတ်တွေကတော့ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေမှာ ထရမ့် အနေနဲ့ အလျင်အမြန် လက်မှတ်ရေးထိုးနိုင်စေရေးအတွက် အမှုဆောင်အမိန့် အစုအဝေးကို ပြင်ဆင်နေကြ တယ်လို့ သိရပါတယ်။