အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနာတာကာပြည်နယ် အဝေးပြေးလမ်းမတစ်ခုမှာ ခရီးသည်တင် မီနီဘတ်စကား တစ်စီးက ရပ်ထားတဲ့ ထရပ်ကားတစ်စီးကို ဝင်တိုက်မိပြီးနောက် ခရီးသည် ၁၃ ယောက်ထက်မနည်း သေဆုံးပြီး လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သေဆိုင်ရာ မီဒီယာတွေက ဇွန်လ ၂၈ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဟာဗာရီမြို့ က ဘန်ဂါလူရူ-ပူနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ညသန်းခေါင်ကျော် အချိန်က ဖြစ်ပွားခဲ့တာပါ။ လူ ၁၇ ယောက် တင်ဆောင်လာတဲ့ မီနီဘတ်စကားက သကြားတင်ဆောင်ထားတဲ့ ကုန်တင်ထရပ်ကားကို နောက်ကနေ ဝင်တိုက် မိခဲ့တာလို့ သိရပါတယ်။

ခရီးသည်တွေဟာ အိမ်နီးချင်း ခရိုင်တစ်ခုက ဟိန္ဒူဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုပြီး နောက် နေအိမ်ကို ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဝန်ပိုတင်တာ၊ လမ်းအခြေအနေဆိုးရွားတာနဲ့ မဆင်မခြင် မောင်းနှင်တာတွေကြောင့် လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိ ပါတယ်။

အိန္ဒိယတစ်ဝန်း နှစ်စဉ် ယာဉ်မတော်တဆမှု တစ်သန်းခွဲလောက်ဖြစ်နေပြီး လူပေါင်း ၁၅၀,၀၀၀ လောက် သေဆုံးနေတယ်လို့ သိရပါတယ်။