အိန္ဒိယနိုင်ငံ တစ်လွှားက ရှီယိုက်မွတ်ဆလင်တွေဟာ အင်္ဂါနေ့က ကျရောက်တဲ့ အာရှုရာနေ့မှာ တမန်တော် မိုဟာမက်ရဲ့ မြေး သေဆုံးခြင်းကို အောက်မေ့သတိရတဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်နာ ဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ စီတန်းလှည့်လည်ပွဲ ၊ ဓားသွားလို ချွန်ထက်တဲ့ အရာ၀တ္ထုတွေနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တာ ၊ အီမန် ဟူစိန်ရဲ့ ခေါင်းတလား ပုံစံတူ ပြုလုပ်တာတွေကို အယိုးဒယား ၊ ဟိုက်ဒရာဘတ် နဲ့ ဘိုပါးလ် မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

အာရှုရာ နေ့ဟာ အစ္စလာမ္မစ်ပြက္ခဒိန်ရဲ့ ပထမဆုံးလ (၁၀) ရက် မြောက်နေ့မှာ ကျရောက်ပြီး အဲဒီနေ့မှာ (၇)ရာစုတုန်းက အီမန်ဟူစိန် အာဇာနည်အဖြစ် သတ်ဖြတ်ခံရခြင်းကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြပါတယ်။