အိန္ဒိယထိန်းချုပ်မှုအောက်က ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပြီး တဲ့နောက် ကြာသပတေးနေ့မှာ လုံခြုံရေးတိုးမြှင့်ချထားရပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ရဲအရာရှိတစ်ယောက် သေဆုံးခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

အခုပစ်ခတ်မှုဟာ မကြာသေးခင်က လူ(၁၂)ယောက် သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့ရတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေနောက် လတ်တလောဖြစ်ပွားတဲ့ ထိတွေ့ ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်တွေအတွက် ပါကစ္စတန်နိုင်ငံကို အိန္ဒိယထိန်းချုပ် ဂျမူးနဲ့ ကက်ရှ်မီးယား ဒေသ ရဲတပ်ဖွဲ့က အပြစ်ဖို့ ထားပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခု ကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာရဲ့ ဆက်သွယ်မေးမြန်းမှုကို ချက်ချင်း ပြောဆို မှတ်ချက်ပေးတာ မရှိပါဘူး။

ဒေသတွင်းက လက်နက်ကိုင် လှုပ်ရှားမှုကို နိုင်ငံရေးနဲ့ သံတမန်ရေးအရ ထောက်ခံအားပေးမှု ပေးတာမျိုးပဲ ရှိတယ်ဆိုပြီး အခုလို အပြစ်ဖို့ စွပ်စွဲမှုမျိုးတွေကိုတော့ ပါကစ္စတန်နိုင်ငံက ငြင်းပယ်လေ့ရှိပါတယ်။