အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာရေးပွဲတစ်ခုမှာ လူအုပ်ထဲ စုပြုံတိုးဝှေ့မှုကြောင့် လူနင်းမှုဖြစ်လို့ သေဆုံးရသူ အရေအတွက်ဟာ အနည်းဆုံး (၁၁၆)ယောက်အထိ ရှိလာနေတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

မြို့တော်နယူးဒေလီရဲ့ အရှေ့တောင်ဘက် (၁၂၅)မိုင်အကွာမှာရှိတဲ့ ဥတာပရာဒေ့ရှ်ပြည်နယ် ၊ ဟတ်ရတ်စ်ခရိုင်က ရွာတစ်ရွာမှာ ကျင်းပတဲ့ အဲဒီဘာသာရေးပွဲမှာ လူနင်းမှုကြောင့် ဒဏ်ရာရသူဟာလည်း အနည်းဆုံး (၁၈)ယောက် ရှိနေတယ်လို့ ပြောပါတယ်။

ဥတာပရာဒေ့ရှ်ပြည်နယ် အုပ်ချုပ်ရေးမှူး အရှစ် ကူးမား က အဲဒီဖြစ်စဉ်ဟာ ပွဲခင်း ထဲမှာ လူအဆမတန်ပြည့်ကျပ်သွားလို့ ဖြစ်ပွားခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

အိန္ဒိယမှာ အခုလို မျိုး ဘာသာရေးပွဲလမ်းသဘင်နဲ့ ဘုရားဖူးခရီးစဉ်နေရာတွေမှာ လူနင်းမှုနဲ့ လူအုပ်နဲ့ ဆက်နွှယ်တဲ့ ဖြစ်စဉ်ဖြစ်ရပ် တွေ အရင်ကလည်း ဖြစ်ခဲ့ပြီး ဒီလို ဖြစ်ရပ်တွေဟာ လူအုပ်ကို ထိန်းကျောင်း စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ ဆိုပါတယ်။