တိုကျို အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းသား ၁၄ ယောက်ဟာ အာလူးကြော်အစပ်တွေ စားပြီး နောက် ဆေးရုံတင်ထားရတယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကျောင်းသားတွေဟာ သရေစာ အာလူးကြော် စားပြီးနောက် ပါးစပ်နဲ့ဗိုက်တွေ နာကျင်လာလို့ ဆေးရုံကို အမြန်သွားခဲ့ရပါတယ်။ တချို့က သတိလစ်သွားပြီး ရောဂါလက္ခဏာအနည်းငယ်ပြသလို့ ကုသမှုခံယူခဲ့ရတယ် ဆိုပါတယ်။

ယောက်ျားလေးတစ် ယောက်က ယူလာတဲ့ အာလူးကြော်တွေကို ကျောင်းသား သုံးဆယ်က စားခဲ့ပါတယ်။ အဲဒီကျောင်းသားက အာလူး ကြော်တွေဟာ အစ်ကိုဖြစ်သူက ဝယ်လာတာလို့ ပြောပါတယ်။
အာလူးကြော် ထုတ်လုပ်တဲ့ အီဆိုယာမာ ကုမ္ပဏီ က အွန်လိုင်းကနေ တောင်းပန်ခဲ့ပြီး ကျောင်းသားတွေ အမြန်ပြန်ကျန်းမာလာစေဖို့ ဆုတောင်းခဲ့ပါတယ်။

R18 Curry Chips လို့ ခေါ်တဲ့ အာလူးကြော်ဟာ အသက် ၁၈ နှစ်အောက်နဲ့ သွေးတိုးရှိသူ၊ အစာအိမ်အားနည်းသူ တွေ မစားဖို့ သတိပေးချက် ပါရှိပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့အတွက် စားသုံးသူတွေကို အာလူးကြော် ချည်းသာ မစားဖို့လည်း အကြံပြုထားပါတယ်။