တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်လာတဲ့ အာဖရိက နိုင်ငံ(၅၀)က နိုင်ငံခေါင်းဆောင်တွေကို စက်တင်ဘာလ (၄)ရက်နေ့က ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
ပေကျင်းမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲမတိုင်ခင် သမ္မတရှီက ကြိုဆိုနှုတ်ဆက်ခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေထဲမှာ ကင်ညာသမ္မတ၊ တောင်အာဖရိကသမ္မတ၊ အီဂျစ်ဝန်ကြီးချုပ်၊ နိုင်ဂျီးရီးယားသမ္မတနဲ့ ဇင်ဘာဘွေသမ္မတတို့ ပါဝင်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာလည်း အထူးဧည့်သည်တော်အဖြစ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

သမ္မတရှီဟာ စက်တင်ဘာ ၅ ရက်မှာ ကိုးကြိမ်မြောက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲကို ဖွင့်လှစ်ပေးမှာပါ။
ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်တွေ အပြန်အလှန် လဲလှယ်ပြီး အာဖရိကခေါင်းဆောင်တွေကို တရုတ်ကုန် ပစ္စည်းတွေ ပိုမိုဝယ်ယူဖို့ တိုက်တွန်းမယ်လို့ မျှော်လင့်ရပါတယ်။
ကြီးထွားလာတဲ့ ကြွေးမြီအကျပ်အတည်းအတွက် အာဖရိကခေါင်းဆောင်တွေဟာ ၂၀၂၅-၂၀၂၇ ပူးပေါင်းဆောင်ရွက်ရေး ပေကျင်းရဲ့ လုပ်ဆောင်မှုအစီအစဉ်မှာ ပိုမိုမြန်ဆန်တဲ့ ငွေကြေးဆိုင်ရာ ဖြေရှင်းချက်တွေ ရှာဖွေကြမှာ ဖြစ်ပါတယ်။ ဒ
ါကာမှာ အဆိုပြုထားတဲ့ အလုပ် အကိုင်ဖန်တီးရေး ကတိကဝတ်တွေနဲ့ အာမခံချက်ဆိုင်ရာ ပရောဂျက်အသစ်တွေလည်း ပြီးမြောက်အောင် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။