အမေရိကန်ဒုတိယသမ္မတ ကမာလာဟဲရစ်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကောင်းစွာ အနိုင်ရနိုင်တဲ့ အရည်အချင်းရှိပြီး အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတစ်ဦးလို့ ဂျာမနီဝန်ကြီးချုပ် အိုလက်ရှိုးလ်က ချီးကျူး ပြောဆိုလိုက်ပါတယ်။

ပြန်အရွေးမခံတော့ဖို့ မဆုံးဖြတ်ခင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ရှိုးလ်က ပုံမှန် မဟုတ်တဲ့ တိုက်ရိုက်ထောက်ခံမှုကို ပြသခဲ့ပါတယ်။
ရှိုးလ် အပါအဝင် ဂျာမနီနိုင်ငံရေးသမား အများအပြားဟာ ထရမ့် သမ္မတပြန်ဖြစ်လာရင် ဥရောပသွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ပိုကောက်ခံလာမှာကို စိုးရိမ်နေကြပြီး နေတိုးစစ်မဟာမိတ်အတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်စရာတွေ မြင့်တက်လာ
နေပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ပိုငွေပြခြင်းနဲ့ ကာကွယ်ရေးအသုံးစရိတ် နည်းပါးခြင်းတို့ ကြောင့် ဂျာမနီဟာ ထရမ့်သမ္မတဖြစ်စဉ်က မကြာခဏ အာရုံစိုက်ခံခဲ့ရပါတယ်။
ဘာလင်ဟာ မကြာသေးခင် နှစ်တွေအတွင်းမှာတော့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ခဲ့ပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုဟာ အခုအချိန်မှာ လိုင်းအသစ်နဲ့ ကြယ်စင်တန်း အသစ်တစ်ခုနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ရှိုးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကမာလာဟဲရစ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ထင်မြင်ပေမယ့် အမေရိကန် မဲဆန္ဒရှင်တွေက ဆုံးဖြတ်မှာဖြစ်ကြောင်းလည်း ရှိုးလ်က ပြောဆိုခဲ့ ပါတယ်။