အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၇ ရက်မှာ ကျင်းပမှာဖြစ်လို့ အဓိက ကိုယ်စား လှယ်လောင်း သုံးယောက်ဟာ ထိပ်တန်းရာထူးအတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြပါတယ်။
အတိုက်အခံ ဆိုရှယ်လစ်အင်အားစု(FFS)ရဲ့ သမ္မတလောင်း ယူဆက် အော်ချီချီက ဆင်းရဲနွမ်းပါးသူတွေကို လူမှုရေး ပံ့ပိုးမှု အားကောင်းအောင်လုပ်ပေးမယ်လို့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုမှာ ပြောပါတယ်။
အာချီချီဟာ ၂၀၂၀ ပြည့်နှစ် ကတည်းက အဓိကအတိုက်အခံပါတီကို ဦးဆောင်နေပြီး လူနေမှုအဆင့်အတန်း မြှင့်တင်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံအားပေးနေပါတယ်။
သမ္မတ အက်ဒါမာဂျစ် ထက်ဘုန်းကလည်း ဒုတိယသက်တမ်းအတွက် ကြိုးပမ်းနေပြီး ပြည်တွင်းနဲ့ နိုင်ငံတကာနယ်ပယ်တွေမှာ သူ့ရဲ့အောင်မြင်မှုတွေကို အလေးပေး ဖော်ပြခဲ့ပါတယ်။
ဂျက်နက်မြို့မှာ သြဂုတ် ၂၉ ရက်က ပြုလုပ်တဲ့ လူထုစည်းဝေးပွဲမှာ ထက်ဘုန်းက အယ်လ်ဂျီးရီးယာဟာ နိုင်ငံတကာ အခင်းအကျင်းမှာ အထူးသဖြင့် ကုလသမဂ္ဂမှာ အင်အားကြီးနိုင်ငံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မော်ရိုကို အချုပ်အခြာအာဏာအတွင်း အနောက်ဆာဟာရဒေသအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစီအစဉ်ကို ဇူလိုင်လက အသိအမှတ်ပြုလိုက်တဲ့ ပြင်သစ်အစိုးရ ဆုံးဖြတ်ချက်အပေါ် အယ်လ်ဂျီးရီးယားက ရှုတ်ချတယ်လို့ ထက်ဘုန်းက ပြောလိုက်တဲ့အခါ ပရိသတ်က သြဘာပေးခဲ့ကြပါတယ်။
အလယ်အလတ်ကျတဲ့ အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့(MSP) ရဲ့ ခေါင်းဆောင် ချီရစ် အက်လာလီ ဟာဆနီကလည်း သမ္မတရွေးကောက်ပွဲအတွက် ကြိုးပမ်းနေပါတယ်။
ဟာဆနီဟာ အယ်လ်ဂျီးရီးယားမှာ ဒီမိုကရေစီ၊ ဗဟုဝါဒနဲ့ ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်ကို မြှင့်တင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။