ဒတ်ခ်ျမြို့များစွာကို ရက်ပေါင်းများစွာ ဖျော်ဖြေခဲ့တဲ့ ခရီးစဉ်ပိတ်ပွဲအဖြစ် ကုန်းရေနှစ်ထွေ သွားလို့ရတဲ့ ရောင်စုံ မော်တော်ကားတွေနဲ့ မောင်းနှင်ချီတက်ပွဲတစ်ခုကို အမ်စတာဒမ်ရဲ့ တူးမြောင်းတွေမှာ သြဂုတ်လ ၁ ရက် ညပိုင်းက ကျင်းပခဲ့ပါတယ်။
ဥရောပတစ်ဝန်းက အလံတွေလွှင့်ထူထားပြီး ပြုပြင်ထားတဲ့ ဒီထူးထူးဆန်းဆန်း ကားပိုင်ရှင်တွေဟာ အမ်စတာဒမ်ရေပြင်မှာ နောက်ဆုံးအကြိမ်အဖြစ် ခုတ်မောင်းခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းအသစ်ကြောင့် ၂၀၁၅ ခုနှစ်ကစတင်ပြီး မြို့ထဲကို ဝင်ရောက်ခွင့် မရှိတော့ပါဘူး။
လျှပ်စစ် ကုန်းရေ နှစ်သွယ်သုံးယာဉ်တွေ ရှိပေမယ့် ဘက်ထရီကြီးလွန်းပြီး လေးလံလွန်းတာကြောင့် အခုလိုသွားလာဖို့ မလွယ်ဘူးလို့ပြောပါတယ်။

အခုလို မောင်းနှင်မှုမှာ နှစ်စဉ်နှစ်တိုင်း ဥရောပနိုင်ငံအများအပြားက ဝါသနာရှင်တွေ သီတင်းတစ်ပတ်ကြာ အတူတကွ ပါဝင်ကြပြီး ပုံမှန်အားဖြင့် ကားအစီးရေ ၈၀ မောင်းနှင်လေ့ရှိကြပါတယ်။
အခုနှစ်မှာ ပွဲကိုကျင်းပဖို့ နယ်သာလန်က အလှည့်ကျပြီး အမ်စတာဒမ်ရဲ့တူးမြောင်းတွေမှာ ကားစီးရေ ၁၀၀ ပါဝင်မောင်းနှင်ခဲ့ပါတယ်။
ဥရောပမှာ ၁၉၈၇ ခုနှစ်က ပထမဆုံး စတင်ခဲ့တဲ့ ကုန်းရေနှစ်ထွေသွား ကားချီတက်ပွဲတွေကို အမ်စတာဒမ် မှာ လေးကြိမ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။