အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီညီလာခံ(DNC) ပထမဆုံးည အဖွင့်အခမ်းအနားကို တက်ရောက်ပြီး ပါတီဝင်တွေကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
မိန့်ခွန်းအတွင်းမှာ ထရမ့်က သူရဲ့ ဆီးနိတ်အမတ်ဘ၀ကနေ သမ္မတဖြစ်ချိန်အထိ နိုင်ငံရေးသမားဘ၀ ဖြတ်သန်းမှုတွေကို ပြောကြားခဲ့ပါတယ်။
ပါတီရဲ့ သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတ ကာမာလာဟဲရစ်ကို အမေရိကန်ဒီမိုကရေစီ ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးသော မျှော်လင့်ချက်လို့ တင်စားချီးမွမ်းသွားခဲ့ပါတယ်။

လာမဲ့ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရက်တွေဟာ အမေရိကန်ရဲ့ စစ်မှန်တဲ့ စိတ်ဓာတ်အတွက် တိုက်ပွဲထဲကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသွားပါတယ်။
ပါတီညီလာခံကို ပစ်မှတ်ထားပြီး ပြုလုပ်နေတဲ့ ဂါဇာအရေး ဆန္ဒဖော်ထုတ်သူတွေရဲ့ တောင်းဆို ချက်တွေဟာ အရေးကြီးပြီး ထည့်သွင်းစဉ်းစားသင့်ကြောင်းကိုလည်း ဘိုင်ဒန်က ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
မိန့်ခွန်းအဆုံးမှာ အမေရိကားအတွက် သူအကောင်းဆုံး လုပ်ပေးခဲ့ကြောင်း ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောဆို သွားခဲ့ပါတယ်။