၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းနှစ်ဦးရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို ကြည့်ရှုခဲ့ပြီးနောက် အမေရိကန်အနောက်အလယ်ပိုင်းက မဲဆန္ဒရှင်တွေဟာ တခြားရွေးချယ်စရာ သမ္မတလောင်း ရှိသင့်သေးတယ်လို့ စိတ်ပျက်လက်ပျက် ပြောဆိုခဲ့ကြပါတယ်။

ဇွန် ၂၇ ရက်က ပြုလုပ်တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင် ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့အကြား စကားစစ်ထိုးပွဲကို ဝစ္စကွန်ဆင်ပြည်နယ်မြို့တော် မက်ဒီဆန်က စားသောက်ဆိုင်တစ်ခုမှာ စုဝေးကြည့်ရှုခဲ့သူတွေက ပြောဆိုခဲ့တာပါ။

ဘီယာခန်းမပုံစံ အငွေ့အသက်နဲ့ လူသိများ တဲ့ ခန်းမထဲမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ ဧည့်သည်တွေ၊ ဒေသခံပြည်သူတွေနဲ့ ပြည့်နှက်နေခဲ့ ပါတယ်။ ခြေခြေမြစ်မြစ်ဆွေးနွေးမှုနဲ့ ခိုင်မာတဲ့ မူဝါဒအဆိုပြုချက်တွေ မကြားရတဲ့အတွက် အားမရဘူးလို့ ပရိသတ်အများအပြားက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
တချို့က ဘိုင်ဒန်ကို သတိကြီးစွာနဲ့ ထောက်ခံကြောင်း ဖော်ပြကြပေမယ့် တချို့ကတော့ ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှု တွေကို အပြည့်အ၀ မဖြေရှင်းနိုင်ဘူးလို့ ခံစားရကြောင်း ဝေဖန်ပြစ်တင်ကြပါတယ်။

သမ္မတလောင်းစကားစစ်ထိုးပွဲ အပေါ် မကျေနပ်မှုတွေ များပြားနေပြီး နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးကဆိုရင် အိပ်ငိုက်နေတတ်တဲ့ ဂျိုးဘိုင်ဒန်နဲ့ ခပ်ကြောင်ကြောင် ဒေါ်နယ်ထရမ့်တို့ ပြိုင်နေတာလို့ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။