အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဆောင်းရာသီ မုန်တိုင်းကြီးတစ်ရပ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ပြည်နယ်ပေါင်း (၃၀) ကျော်မှာ နှင်းထူထပ်စွာ ကျဆင်းတာနဲ့ နေ့အပူချိန် အအေးဆုံးမှတ်တွေအထိ ရောက်ရှိတာမျိုးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဝင်ရိုးစွန်းကနေ ရွေ့လျားလာတဲ့ အေးမြတဲ့ လေထုဖိအားတွေကြောင့် အမေရိကန်နိုင်ငံ အလယ်ပိုင်း ဒေသမှာ အခုလို အေးခဲတဲ့ ရာသီဥတုအခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရတာလို့ BBC သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြပါတယ်။ ဒီအတွက် ထောင်နဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားရပြီး နှင်းထူထဲစွာ ကျဆင်းမှု ကြောင့် လမ်းမတွေမှာ လမ်းပိတ်ဆို့မှုတွေ ရှိနေပြီး စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။

ဆီးနှင်းမုန် တိုင်းကျဆင်းမှုကြောင့် ကန်ဆပ်စ်နဲ့ မစ်ဆူရီ ပြည်နယ်တွေမှာ နှင်းခဲ့အတိ ဖုံးလွှမ်းနေပြီး ရှေ့တူရူကို ရှင်းရှင်း လင်းလင်း မမြင်ရတဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ကန်တပ်ကီ၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ အာကန်ဆပ်စ်နဲ့ နယူးဂျာစီပြည်နယ်ရဲ့ တချို့ဒေသတွေမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရပါတယ်။