နယူးဒေလီက လမ်းတွေတစ်လျှောက် မီးသတ်ကားဥသြသံတွေ ဆူညံနေတာဟာ အပူလှိုင်းဒဏ် ခံစားနေရတဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ လူတွေပြည့်ကျပ်နေတဲ့ ရပ်ကွက်ဟောင်းတွေမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး အပူဒဏ်ကြောင့် လေအေးပေးစက်နဲ့ ပန်ကာတွေရောင်းချမှု မြင့်တက်လာချိန်မှာ သင့်တော်တဲ့ဝါယာကြိုးတွေ သွယ်တန်းမထားတာကြောင့် အန္တရာယ်တွေ ကပ်လိုက်လာနေပါတယ်။

မီးလောင်မှု အားလုံးရဲ့ ၇၀ % ကျော်ဟာ လျှပ်စစ်မီးကြောင့်ဖြစ်ပြီး လျှပ်စစ်ဝန်ပို သုံးစွဲမှုကြောင့် ဝါယာရှော့ အဖြစ်များ မီးသတ် ဦးစီးဌာနက ပြောဆိုခဲ့ပါတယ်။ လွန်ကဲတဲ့ အပူရှိန်ကြောင့် ဒေလီမှာ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ၀ယ်လိုအားဟာ ဇွန် ၁၉ ရက်က ၈၆၅၆ မဂ္ဂါဝပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး မေလတုန်းကတော့ မဂ္ဂါဝပ် ၇၀၀၀ ထက် မကျော် လွန်ခဲ့ပါဘူး။ ဒေလီမီးသတ်ဌာနဟာ နေ့စဉ် ဖုန်းခေါ်ဆိုမှု အနည်းဆုံး ၂၀၀ ကနေ ၂၅၀ ကို တုံ့ပြန်နေရ ပါတယ်။

ဧပြီလနဲ့ မေလမှာ မီးဘေးကြောင့် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ ၆၃၃၀ ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူကာလက ၃,၂၄၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ပိုမိုပြင်းထန်တဲ့အပူရှိန်အောက်မှာ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေရပြီး မီးသတ်သမား အင်အား ရာနဲ့ချီထပ်မံ ဖြည့်တင်းနေရတယ်လို့ သိရပါတယ်။