အပူပိုင်းမုန်တိုင်း အာနက်စ်တိုဟာ ပျူတိုရီကိုနဲ့ ဗာဂျင်ကျွန်းတွေကနေ ဆုတ်ခွာသွားတဲ့နောက် အင်အား အဆင့် (၁)ရှိတဲ့ ဟာရီကိန်းအဖြစ် ဗုဒ္ဓဟူးနေ့က အားကောင်းလာနေပါတယ်။
ဗာဂျင်ကျွန်းနဲ့ ပျူတိုရီကိုကျွန်းတွေကို ဝင်ရောက်ခဲ့ချိန်မှာ မုန်တိုင်းမိုး သည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် လူနေအိမ်ခြေနဲ့ စီးပွားရေးလုပ်ငန်း ထောင်ချီ ဟာ လျှပ်စစ်မီးပြတ်တောက်ခဲ့မှုနဲ့ ကြုံခဲ့ရပါတယ်။
ပျူတိုရီကို ကျွန်းအရှေ့ပိုင်းမှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီး မှုတွေ ရှိခဲ့ပြီး ရေကြီးရေလျွှံမှုလည်း ဖြစ်ပေါ်နေပါတယ်။

အဲဒီ ဟာရီကိန်း အာနက်စ်တိုဟာ ပျူတိုရီကို အနောက် မြောက်ပိုင်း ၁၇၅ မိုင်မှာ တည်ရှိနေပြီးတော့ အနောက်မြောက်ပိုင်းကို တစ်နာရီ လေတိုက်နှုန်း ၇၅ မိုင်နဲ့ ဖြည်းဖြည်းချင်း ဆက်လက် ရွေ့ရှားလာနေပါတယ်။
အာနက်စ်တိုဟာ အင်္ဂလိပ်ပိုင် ဘာမြူဒါကျွန်းဆီကို စနေနေ့မှာ ချဉ်းကပ်မယ်လို့လည်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။